BFC 200 Babies Party

Bahosi Fertility Centre ၏  သားငယ်သမီးငယ် (၂၀ဝ) ပြည့် အထိမ်း အမှတ် ပျော်ပွဲရွင်ပွဲ ကို ရန်ကုန်မြို့အင်း ယား လမ်းရှိ မြန်မာနိုင်ငံ ရွက်လှေအသင်း မြက်ခင်း ပြင် တွင် ၂၁.၂.၂၀၁၆ နံနက် ပိုင်း တွင်စည်ကား သိုက်မြိုက်စွာကျင်းပ ခဲ့ပါသည်။ ယင်း ပွဲသို.ဖိတ်ကြားထားသော ဧည့်သည်တော်များ BFC မိသားစု ဝင် သားငယ်သမီးငယ် များ နှင့် မိသား စု များ စုံညီ စွာ တက်ရောက် ခဲ့ပြီး သားငယ်သမီးငယ် များ ပျော်ရွင် စွာ စုဝေး ခဲ့  ကြ ပါသည်။ BFC သည် ၂၀ဝ၆ ခုနှစ်မှစတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ဖန်ပြွန်သန္ဓေသားဌာန အဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါသည်။
၂၀ဝ၇ ခုနှစ် ၊ ဇန္နဝါရီ (၃) ရက်တွင် မြန်မာနိုင်ငံ၏ပထမဆုံးဖန်ပြွန်သန္ဓေကို ကိုယ်ဝန်ဆောင်စေခဲ့ပါသည်။
၂၀ဝ၇ ခုနှစ် ၊ ဩဂုတ်လ တွင် BFC ၏ ပထမဆုံးဖန်ပြွန်သန္ဓေ သမီးငယ် ကိုမွေးဖွားခဲ့ပါသည်။
၂၀ဝ၇ ခုနှစ် ၊ နိုဝင်ဘာလတွင် BFC ၏ ပထမဆုံးဖန်ပြွန် သန္ဓေ သားငယ် ကိုမွေးဖွားခဲ့ပါသည်။
၂၀ဝ၈ ခုနှစ် ၊ ဇူလိုင်လ တွင် ICSI နည်း ဖြင့် BFC ၏ ပထမဆုံး ကလေးမွေးဖွားခဲ့ပါသည်။
၂၀ဝ၈ ခုနှစ် ၊ စက်တင်ဘာလတွင် FET နည်းဖြင့် BFC၏ ပထမဆုံး ကလေးမွေးဖွားခဲ့ပါသည်။
၂၀ဝ၈ ခုနှစ် ၊ ဒီဇင်ဘာလတွင်  TESE နည်းဖြင့် BFC ၏ ပထမဆုံး ကလေးမွေးဖွားခဲ့ပါသည်။
၂၀၁၀ ခုနှစ် ၊ မေလ တွင် Blastocyst transfer နည်းဖြင့်BFC ၏ ပထမဆုံး ကလေးမွေးဖွားခဲ့ပါသည်။
ယခုဆိုလျှင် ၂၀ဝ၆ မှ ၂၀၁၆ (၁၀) နှစ်တာကာလအတွင်း သားငယ် / သမီးငယ် ၂၀ဝ ကျော် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

0000-09-04 00:00:00