ဝန်ဆောင်မှု

သုက်ပိုးအေးခဲသိမ်းဆည်းရာတွင် အမျိုးသားနှင့် အမျိုးသမီး လိင်မဆက်ဆံဘဲ ၃-ရက်ရှောင်ပြီးမှ ထုတ်သောသုက်ရည်ဖြစ်ရန် လိုပါသည်။ ဤသို့အေးခဲသိမ်းထားသော သုက်ပိုးကိုအမျိုးသားခရီးရှည်ထွက်ရ သော အိမ်ထောင်ရှင်များအနေဖြင့် အမျိုးသားခရီးထွက်ချိန်တွင် IUI (သို့) IVF/ICSI…

IVF နည်းပညာ၏ အစပိိုင်းကာလတွင် သန္ဓေသားလောင်းအား သန္ဓေအောင်ပြီး (၂-၃)ရက်အကြာ ဆဲလ်(၂)ခုမှ (၈)ခု အထိဖြစ်လာချိန်တွင် မိခင်သားအိမ်အတွင်းပြန်လည်ထည့်ပေးပါသည်။ ဆန်းသစ် လာသောနည်းပညာများအရ Blastocyst Transfer နည်းစနစ်တွင် သန္ဓေသားလောင်းအား ဓါတ်ခဲခန်းတွင် ၅-ရက်…

Assisted Hatching ဆိုသည်မှာ မိခင်၏သားအိမ်အတွင်းသို့ သန္ဓေသားလောင်းအား ပြန်မထည့်မီ သန္ဓေသားလောင်း၏အပြင်ဘက်ဆုံးလွှာကို လေဆာဖြင့် အပေါက်ငယ်ဖြစ်အောင် ပြုလုပ်ပေးပြီးမှ မိခင်၏ သားအိမ်အတွင်းသို့ ပြန်ထည့်ပေးခြင်းဖြစ်ပါသည်။

ဤနည်းသည် သန္ဓေအောင်ပြီး အေးခဲသိမ်းထားသော သန္ဓေသားလောင်းများအား မိခင်၏ သားအိမ်တွင်းသို့ ပြန်လည်ထည့်သွင်း၍ ကိုယ်ဝန်ရစေသောနည်း ဖြစ်ပါသည်။ ဤနည်းဖြင့် ဒုတိယအကြိမ်၊ တတိယအကြိမ် ဆက်တိုက်ကြိုးစားပါက အောင်မြင်မှုရာခိုင်နှုန်း ၆ဝ% မှ ၈ဝ%ထိ တက်လာနိုင်ပါသည်။