သတင်း

Bahosi Fertility Centre မှာ ဆေးခန်းပြချင်တဲ့သူတွေ နဲ့ ဆေးခန်းပြန်ဖွင့်တော့မှာလားလို့မေးနေတဲ့သူတွေအတွက် သတင်းကောင်းလေး ကြေငြာပေးပါရစေ။ BFC ကိုလာတဲ့ သူတိုင်း Covid 19 ရောဂါပိုးမကူးစက် အောင် ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ အတွက် လုပ်ဆောင် ထားပြီးပြီဖြစ်လို့ ဆေးခန်းပြန်ဖွင့် တော့မှာ ဖြစ်​ပါတယ်။ ဒါပေမဲ့ ဆေးခန်းပြမဲ့ သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်ထွက်ရတာကို လျှော့ချဖို့ နဲ့ ထိတွေ့မှု နည်းနိုင်သမျှ နည်းစေဖို့အတွက် ဆရာဝန်ကြီးနဲ့ လူချင်းတွေ့ပြီး စမ်းသပ်ကုသမှု တွေ လုပ်ရမဲ့နေ့မျိုးမှာဘဲ Appointment System နဲ့ ကြည့်ပေးသွားမှာ ဖြစ်ပြီး ကျန်တဲ့ အချိန်များ မှာတော့ telehealth စနစ်နဲ့ video call မှတဆင့် ဆွေးနွေးလို့ရအောင် စီစဥ်ပေးသွားမှာ ဖြစ်ပါတယ်။

Covid 19 ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးတဲ့ အနေနဲ့ ဘယ်လိုတွေ စီမံထားသလဲဆိုတာကို ​အသိပေးပါရစေ။ လူနာစောင့်ဆိုင်းတဲ့ ထိုင်ခုံနေရာ သတ်မှတ်ထားပေးပြီး safe distancing ဖြစ်အောင် အမှတ်အသား
များ လုပ်ပေးထား ပါတယ်။ လူနာနဲ့ တိုက်ရိုက်ထိတွေ့မဲ့ ကျန်းမာရေး ဝန်ထမ်းတိုင်းက Face shield , Surical mask, Surgical gown နဲ့ ခေါင်းစည်း Cap တွေကို ဝတ်စုံ ပြည့်ဝတ်ဆင်ပြီး ဝန်ဆောင်မှုပေးသွား မှာ ဖြစ်ပါတယ်။ ဆရာဝန်ကြီး နဲ့ပြသတဲ့ အချိန်မှာလည်း တိုက်ရိုက်ထိတွေ့မှု မရှိအောင် ဆရာဝန် ကြီးနှင့် လူနာကြားမှာ ပလတ်စတစ် အမာသားကို အကာအရံ ဖြစ်အောင် လုပ်ထားတဲ့အပြင် Ultrasoundရိုက်တဲ့ အချိန်မှာလည်း တိုက်ရိုက်ထိတွေ့မှု မရှိအောင် ကာကွယ်ပေးထားပါတယ်။ နောက်ပြီး ဆေးဝယ်တဲ့အချိန် နဲ့ ငွေပေးချေတဲ့ အချိန်မှာလည်း ထိတွေ့မှု မရှိအောင် Reception counter ကို
ကာရံပေးထားပါတယ်။
ဆေးခန်းပြမဲ့ သူတွေဘက်ကလည်း နှစ်ဦးနှစ်ဖက်အကျိုးအတွက် ဆေးခန်းသို့ အများဆုံး အဖေါ်တစ်ဦး သာ ခေါ်လာခြင်း၊ အိမ်မှ Face mask တပ်ခဲ့ခြင်း၊ ဆေးခန်း ရောက်လျှင် အဖျားတိုင်းခြင်း၊ လက်သန့် ဆေးရည်ဖြင့် လက်ဆေးခြင်း နှင့် Fever Screeningမေးခွန်းများ ဖြေဆိုခြင်းများ ကို ပူးပေါင်းဆောင်ရွက်ပေးတာတွေ အပြင် ဆေးခန်းရောက်ပြီ ဆိုတာနဲ့ Face shield နဲ့ Face mask အသစ်များ လဲလှယ်အသုံးပြုဖို့ မေတ္တာရပ်ခံပါရစေ။

BFC ဆေးခန်းမှာ လောလောဆယ် ဆေးခန်းထိုင်တဲ့ ဆရာဝန်ကြီးများ ကတော့ Dr. May Thu Myo Nyunt, Dr.Nyan Coe,Dr.Hnin Thida Tun,Dr.Aye Thida Ohn နဲ့ Dr.Hnin Moh Moh Naing တို့ဘဲဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ဆရာမကြီး Dr.May Thu Myo Nyunt ကတော့ လိုအပ်တဲ့ စမ်းသပ် စစ်ဆေးမှုတွေကို လုပ်ပေးဖို့အတွက် IVF/ IUI ကိုယ်ဝန်ဆောင်တွေကိုဘဲ ဦးစားပေး ကြည့်ပေးသွားမှာ ဖြစ်ပြီး အခြား ဆွေးနွေးပြသချင် သူတွေကို တော့ အွန်လိုင်းမှ ဆွေးနွေးပေးသွားမှာ ဖြစ်ပါ တယ်။ ဆေးခန်းပြသ ဆွေးနွေး လိုသူတွေအနေနဲ့ အနည်းဆုံး တရက်ကြို ပြီး ဆေးခန်းဖုန်း 09 750229221 , 09 750229222 , 09 255055204 တို့ကို ဆက်သွယ်နိုင်သလို BFC page ရဲ့ messenger မှ တဆင့် Appointment ယူလို့ရပါတယ်။

Pages