သုက်ပိုးအေးခဲ သိမ်းဆည်းခြင်းနှင့် သန္ဓေသားလောင်းများ အေးခဲသိမ်းဆည်းခြင်း

သုက်ပိုးအေးခဲသိမ်းဆည်းရာတွင် အမျိုးသားနှင့် အမျိုးသမီး လိင်မဆက်ဆံဘဲ ၃-ရက်ရှောင်ပြီးမှ ထုတ်သောသုက်ရည်ဖြစ်ရန် လိုပါသည်။ ဤသို့အေးခဲသိမ်းထားသော သုက်ပိုးကိုအမျိုးသားခရီးရှည်ထွက်ရ သော အိမ်ထောင်ရှင်များအနေဖြင့် အမျိုးသားခရီးထွက်ချိန်တွင် IUI (သို့) IVF/ICSI နည်းနှင့် ကြိုးစားချိန် တွင် အသုံးပြုနိုင်ပါသည်။ အချို့အမျိုးသားများသည် သားသမီးရရှိအောင် ကြိုးစားနေသော Treatment Cycle တွင် သုက်ရည်ထုတ်ရန်ခက်ခဲတတ်ပါသည်။ ထိုသို့သော အမျိုးသားများအတွက် သုက်ရည် ကိုကြိုတင်ယူ၍ အေးခဲသိမ်းထားနိုင်ပါသည်။
    ဖန်ပြွန်သန္ဓေ Cycle တွင် အသုံးပြုပြီးပိုနေသော သန္ဓေသားလောင်းများကိုလည်း နောက်နောင်တွင် အသုံးပြုရန်အတွက် အေးခဲသိမ်းထားနိုင်ပါသည်။