အမျိုးသားသုက်ရည်ကို အမျိုးသမီးသားအိမ်အတွင်းသို့ ပြန်လည်ထည့်သွင်း၍ သန္ဓေအောင်စေသောနည်း (IUI)

ဤနည်းသည် သားသမီးရစေသော အထောက်အကူနညး်လမ်းများထဲမှ ရိုးရှင်းသောနည်းလမ်း ဖြစ်ပါသည်။ ဤနည်းသည် အမျိုးသမီး၏ မမျိုးဥကြွေချိန်ကို တွက်ချက်ပြီး မမျိုးဥကြွေချိန်တွင် အမျိုးသား၏ သုက်ရည်ထဲမှ လှုပ်ရှားမှုအား အကောင်းဆုံးနှင့် ကျန်းမာသန်စွမ်းသော သုက်ကောင်များကို ရွေး ချယ်ပြင်ဆင်ပြီးအချိန်ကိုက် အမျိုးသမီး သားအိမ်တွင်းထည့်သွင်းပေးသော နည်းလမ်းဖြစ်ပါသည်။ အမျိုးသားသုက်ရည်ထဲမှသုက်ကောင်အသေများ၊ အားနည်းသောသုက်ကောင်များကို ဖယ်ရှာပေးပြီး ကျန်းမာသန်စွမ်းသောသုက်ကောင်များ ထည့်သွင်းပေးသောကြောင့် မျိုးအောင်ခြင်းကို ပိုမိုလွယ်ကူစေပါသည်။
    ကြာချိန်    -    ၅ မိနစ်
    မေ့ဆေးထုံဆေး    -    မလိုပါ။
    ဆေးရုံတက်ရန်    -    မလိုပါ။
    အဆိုပါနည်းသည် အမျိုးသမီး သားဥကြွေချိန်တွင် အမျိုးသား၏သုက်ပိုးများထဲမှ လှုပ်ရှားမှုအများ ဆုံးနှင့် ကျန်းမာသန်စွမ်းသော သုက်ပိုးများကို ရွေးချယ်ပြင်ဆင်ပြီး အချိန်ကိုက်သားအိမ်တွင်းထည့်သွင်းပေး သောနည်းဖြစ်သည်။ အောင်မြင်မှုရာခိုင်နှုန်းမှာ ၁ဝ မှ ၁၅ ရာခိုင်နှုန်းရှိပါသည်။ ဤနည်းတွင် အမျိုးသား၏ သုက်ပိုးစံချိန်မှီရန်နှင့် အမျိုးသမီး၏ သားဥပြွန်များပုံမှန်ဖြစ်နေရင်လိုအပ်ပါသည်။

 

(IUI) လုပ်ဆောင်နည်းအဆင့်ဆင့်

အဆင့်-၁
ဆေးကုသမှု - သားဥဖွံ့ဖြိုးစေသော ဟော်မုန်းဆေးများကို သောက်ဆေး (သို့) ထိုးဆေးပုံစံဖြင့် အသုံးပြုခြင်းဖြင့် မမျိုးဥပိုမိုထွက်စေပါသည်

အဆင့်-၂
၎င်းကုထုံးတွင် မမျိုးဥအခြေအနေကို မိန်းမကိုယ်တွင်းမှကြည့်သော တယ်လိီဗေးရှင်းဓါတ်မှန် နှင့် ကြည့်ရှုရန်လိုအပ်ပါသည်။

အဆင့်-၃
မမျိုးဥကြွေချိန်တွင် အမျိုးသားသုက်ရည်ထဲမှ အရည်အသွေးကောင်း၍ လှုပ်ရှားမှုအကောင်း ဆုံး သုက်ပိုးများကို ဓါတ်ခွဲခန်းတွင် ရွေးချယ်၍ သားအိမ်တွင်းသို့ ထည့်သွင်းပေးပါသည်။

အဆင့်-၄
၂-ပတ်အကြာတွင် ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးနိုင်ပါသည်။