အမျိုးသား၏ကပ်ပယ်အိတ်အတွင်းရှိ အသားစမှ သုက်ပိုးထုတ်ယူ၍ အမျိုးသမီး၏ မမျိုးဥနှင့်သန္ဓေ အောင်စေသောနည်း (TESE)

TESE နည်းသည် သုက်ရည်တွင် သုက်ကောင် မပါသော အမျိုးသားများအတွက် လုပ်ဆောင်သော နည်းဖြစ်ပါသည်။ TESE နည်းသည် မေ့ဆေးအချိန်တိုပေး၍ BFC ဆေးခန်းတွင် လုပ်ဆောင်ပါသည်။ ကပ်ပယ်အိတ်အတွင်းရှိ အသားစအား အသေးစားခွဲစိတ်မှုပြုလုပ်၍ ထုတ်ယူပြီး သားလောင်းဗေဒပညာရှင်မှ ၎င်းအသားစအတွင်းရှိ သုက်ပိုးများအား အနုကြည့်မှန်ပြောင်းအောင်တွင် ကြည့်ရှု၍လှုပ်ရှားနိုင်သော သုက်ပိုးများအား ရွေးချယ်သန့်စင်စေပါသည်။ ၎င်းနောက် မမျိုးဥအတွင်းသို့ ICSI နည်းဖြင့် သန္ဓေအောင်စေပါသည်။