သန္ဓေသားလောင်းအား Blastocyst အဆင့်တွင် မိခင်သားအိမ်တွင်းပြန်လည်ထည့်သွင်းပေးခြင်း

IVF နည်းပညာ၏ အစပိိုင်းကာလတွင် သန္ဓေသားလောင်းအား သန္ဓေအောင်ပြီး (၂-၃)ရက်အကြာ ဆဲလ်(၂)ခုမှ (၈)ခု အထိဖြစ်လာချိန်တွင် မိခင်သားအိမ်အတွင်းပြန်လည်ထည့်ပေးပါသည်။ ဆန်းသစ် လာသောနည်းပညာများအရ Blastocyst Transfer နည်းစနစ်တွင် သန္ဓေသားလောင်းအား ဓါတ်ခဲခန်းတွင် ၅-ရက်ခန့် ကြီးထွားစေပြီး cell တစ်ရာခန့်ရောက်လာသော အချိန်တွင်မှ ပြန်လည်ထည့်သွင်းပါသည်။

    သန္ဓေသားလောင်းအား Blastocyst အဆင့်တွင် ပြန်လည်ထည့်သွင်းပါက သားသမီးရရန် ပိုမိုနီးစပ်ပါသည်။ သို့သော် အချို့သန္ဓေသားလောင်းများမှာ Blastocyst အဆင့်မရောက်မီ ပျက်စီးသွား တတ်ပါသည်။