9. Assisted Hatching

Assisted Hatching ဆိုသည်မှာ မိခင်၏သားအိမ်အတွင်းသို့ သန္ဓေသားလောင်းအား ပြန်မထည့်မီ  သန္ဓေသားလောင်း၏အပြင်ဘက်ဆုံးလွှာကို လေဆာဖြင့် အပေါက်ငယ်ဖြစ်အောင် ပြုလုပ်ပေးပြီးမှ မိခင်၏ သားအိမ်အတွင်းသို့ ပြန်ထည့်ပေးခြင်းဖြစ်ပါသည်။ ဤသို့ပြုလုပ်ပေးခြင်းအားဖြင့် မိခင်၏သားအိမ်အတွင်း၌ သန္ဓေသားလောင်းတွယ်ကပ်မှုကို ပိုမိုကောင်းမွန်စေ၍ ကိုယ်ဝန်ရရှိနိုင်ခြေကိုလည်း ပိုမိုမြင့်မားစေပါသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့်လည်း သန္ဓေသားလောင်းအပေါ်၌ မည်သို့ဆိုးကျိုးမျှကိုလည်း မဖြစ်စေနိုင်ပါ။