ဘာကြောင့်သားသမီးရရန် ခက်ခဲနေရတာလဲ … (၄)

မေး - ၁။ အမျိုးသမီးဘက်မှာရော သားသမီးရရှိရန်ခက်ခဲနေရတဲ့ အကြောင်း အရင်းတွေက ဘာလဲ။

ဖြေ - ၁။ အဓိကအားဖြင့်

သားဥပြွန်နှင့်ပတ်သက်၍

သားဥပြွန်လှုပ်ရှားမှု အားနည်းခြင်း သားဥပြွန်အတွင်း အရည်အိပ်တည်ခြင်း  သားဥ ပြွန်တစ်ဖက် (သို့) နှစ်ဖက်စလုံးပိတ်နေခြင်း

 

မမျိုးဥပြွန်နှင့်ပတ်သက်၍

သားဥကြွေမမှန်ခြင်း သားဥမကြွေခြင်း မျိုးဥအိမ်တွင် သွေးလုံး၊ အရည်အိတ်၊ တည်နေခြင်း (endometrioma, ovarian cyst)

 

သားအိမ်နှင့်ပတ်သက်၍

သားအိမ်နံရံနှင့် လမ်းကြောင်းတစ်လျှောက် အသားပိုလုံးများရှိနေခြင်း (leiomyoma) မွေးရာပါ သားအိမ်အနေအထားမမှန်ခြင်း (Uterine anomalies)

 

အခြားအကြောင်းများမှာ

ဟော်မုန်းထုတ်ဂလင်းများ ပုံမှန်အလုပ်မလုပ်၍ ဟော်မုန်းဓါတ်များ မမျှတခြင်း (FSH, Prolactin, LH, TSH) ခန္ဓာကိုယ်တွင်း ခုခံမှုစနစ် မူမမှန်ခြင်း (Autoimmune Disease) ကြောင့် ဆန့်ကျင်ဓါတ်သတ္တိများ ထွက်လာပြီး မျိုးပွားမှုစနစ်ကို ထိခိုက်ခြင်း (Antisperm Antibodies) မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းချက်များ (chromosomal Abnormalities)

 

မေး - ၂။ အထက်ပါအကြောင်းအရင်းများကို သိရှိစေရန် မည်ကဲ့သို့ စစ်ဆေးရမလဲ။

ဖြေ - ၂။ ဖြစ်စဉ်ရာဇဝင်ကို တိကျသေချာစွာမေးမြန်းခြင်း (thorough history taking)

စမ်းသပ်စစ်ဆေးခြင်း (Physical Examination) သားဥကြွေ၊ မကြွေ၊ မျိုးဥအိမ်၊ သွေးလုံးအရည်အိတ်ရှိ မရှိ သိရှိနိုင်ရန် (LH Test) နှင့် အတွင်းအာထရာဆောင်း (TVS) စစ်ဆေးခြင်း သားဥပြွန်ပွင့်မပွင့် သိနိုင်ရန် ဆေးဓါတ်မှန်ရိုက်ခြင်း (Hystero-salpingogram-HSG) ရိုက်ခြင်း လိုအပ်ပါက အတွင်းကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Laparoscopy and dye test) ဟော်မုန်းများပုံမှန်ရှိမရှိ သွေး ဖေါက်စစ်ဆေးခြင်း (Hormonal Profile) မျိုးရိုးဗီဇနှင့် ကိုယ်တွင်းခုခံမှု စနစ်ပိုင်း ဆိုင်ရာများအတွက် သွေး၊ အသားစ စစ်ဆေးခြင်းစသည်ဖြင့်

မေး - ၃။ မည်ကဲ့သို့သော ကုသမှုများ ခံယူရမလဲ။

ဖြေ - ၃။ မျိုးပွာမှုဆိုင်ရာ ကုထုံးအဆင်ဆင့်ကို မသွားခင် အထက်တွင်ဖေါ်ပြခဲ့သည့် ကုသနိုင်သည့် အားနည်းချို့ယွင်းချက်များကို အရင်ဦးဆုံးကုသရပါမည်။

ယေဘုယျအားဖြင့်
သားဥပြွန်လှုပ်ရှားမှုအားနည်းပြီး သားဥပြွန် အရည်အိတ်တည်ခြင်းတို့အတွက် အခြေအနေပေါ်မူတည်၍ အတွင်းကြည့်မှန်ပြောင်းနှင့် ခွဲစိတ်ကုသခြင်း (Laparo-scopic Surgery) သားဥကြွေမမှန်ခြင်း၊ မကြွေခြင်း (ဥပမာ PCOS) အတွက် လေ့ကျင့်ခန်း၊ အစားအသောက်ဖြင့် ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ မျိုးဥ ကြွေခြင်းကို အားပေးသောဆေးများသောက်သုံးခြင်း သားဥအိမ်တွင် ဖြစ်သော သွေးလုံး၊ အရည်အိတ်များ၊ သားအိမ်၌ဖြစ်သော အသားလုံးများကို အရွယ်အစားနေရာ ပေါ်မူတည်၍ ဟော်မုန်းဆေးများဖြင့် ကုသခြင်း၊ အတွင်းကြည့်မှန်ပြောင်းနှင့် ခွဲစိတ် ကုသခြင်း။ ကိုယ်တွင်းဟော်မုန်းများ မူမမှန်ခြင်းကို သောက်ဆေး၊ ဟော်မုန်းဆေးများ ဖြင့် ထိန်းညှိပေးခြင်းစသည်ဖြင့်

မေး - ၄။ အထက်ပါကုသမှုများကို လုပ်ဆောင်ပြီးပါက ဆက်လက်၍ မည်သို့သော မျိုးပွားဆိုင်ရာကုထုံးများကို ခံယူရမလဲ။

ဖြေ - ၄။ အမျိုးသား၊ အမျိုးသမီးတို့၏ အသက်အရွယ်၊ မျိုးပွားဆိုင်ရာ စွမ်းဆောင်ရည်၊ တစ်ဦးချင်း၏အားနည်းမှုများပေါ်မူတည်၍ အောက်ပါအတိုင်း အဆင့်ဆင့် ကုသမှု ခံယူနိုင်ပါသည်။

(၁) သဘာဝအတိုင်း မျိုးဥကြွေချိန်ကို တိကျစွာ တိုင်းတာပြီးအတူနေခြင်း။ (Timed Intercourse)

(၂) မျိုးဥကြွေဆေးသောက်၍ မျိုးဥကြွေချိန်တွင်အတူနေခြင်း။ (Ovulation induction + Timed Intercourse)

(၃) မျိုးဥကြွေဆေးသောက်၍ မျိုးဥကြွေချိန်တွင် သုတ်ပိုးထည့်ပေးခြင်း။ (Ovulation induction + intrauterine insemination (IUI))

(၄) မျိုးဥကြွေဆေးထိုးပေးခြင်းနှင့် သုတ်ပိုးထည့်ပေးခြင်း (Minimal Stimulation & IUI)

(၅) နောက်ဆုံးအဆင့်အားဖြင့် ဖန်ပြွန် သန္ဓေသားကုထုံး (Invitro Fertilization – IVF),  Intracytoplasmic Sperm Injection – ICSI)

ဒေါက်တာဉာဏ်ကိုး

Download File: