သားသမီးရရန် ဆွေးနွေးသောစုံတွဲများ စစ်ဆေးသင့်သည့် Test များ။

၁။    HSG (Hysterosalpingogram) အမျိုးသမီး သားအိမ်အတွင်းပိုင်နှင့် မမျိုးဥပြွန်လမ်းကြောင်းများ ပွင့်/မပွင့် ဆေးဓါတ်မှန်ရိုက်၍ စစ်ဆေးခြင်း။
၂။    ''မွေးလမ်းကြောင်းမှ တယ်လီဗေရှင်း (TVS)ရိုက်၍ စစ်ဆေးခြင်း။''
၃။    အမျိုးသမီးများ၏ သားဥကြွေချိန်ကို ခန့်မှန်းစစ်ဆေးရန် ပြုလုပ်သော ''LH Test"။
၄။    သွေးတွင်းဟော်မုန်း စစ်ဆေးခြင်း။
၅။    ''အမျိုးသားများသုတ်ပိုး စစ်ဆေးခြင်း။"

 

၁။    HSG (Hysterosalpingogram) အမျိုးသမီးသားအိမ်အတွင်းပိုင်းနှင့် မမျိုးဥပြွန်လမ်းကြောင်းများ ပွင့်/မပွင့် ဆေးဓါတ်မှန်ရိုက်၍ စစ်ဆေးခြင်း။
-    ၎င်းဓါတ်မှန်သည် သားအိမ်ပုံမှန်အနေအထားရှိ/ မရှိ သားဥပြွန်များ ပွင့်/မပွင့်၊ သားဥပြွန်ရေအိတ်များ ရှိ/မရှိ၊ သားအိမ်နံရံရှိ အလုံးများ (Endometrial Polyp), (Submucus Fibroids) စသည်တို့ကို သိရှိနိုင်ပါသည်။
-    ဆေးဓါတ်မှန်ရိုက်ရာတွင် သားအိမ်ရောင်ရမ်းမှု မရှိစေရန် ပဋိဇီဝဆေးများ သောက်ရန်လိုအပ်ပါသည်။ (လိုအပ်သောဆေးကို ဆရာဝန်မှ ညွန်ကြားပါမည်။)
-    ဆေးဓါတ်မှန်ရိုက်ရန်အချိန်သည် ရာသီပြီးစမှ ရာသီ (၁ဝ) ရက်မြောက်အတွင်းသည် အသင့်တော်ဆုံး အချိန် ဖြစ်ပါသည်။
-    ၎င်းဆေးဓါတ်မှန်သည် သားအိမ်အတွင်းသို့ သေးငယ်သောပိုက်မှတစ်ဆင့် ဆေးထိုးတည့်ပြီး ဓါတ်မှန် ရိုက်၍ စစ်ဆေးခြင်းဖြစ်ပါသည်။
-    ဆေးဓါတ်မှန်ရိုက်ပြီး နာရီအနည်းငယ်ကြာသည်အထိ ဆီးစပ်တွင် နာကျင်နိုင်ပါသည်။
-    ဆေးများမိန်းမကိုယ်မှ ပြန်ထွက်သည်ကိုလည်း ရက်အနည်းငယ်အတွင်း ရှိနိုင်ပါသည်။

 

"မွေးလမ်းကြောင်းမှ တယ်လီဗေးရှင်း (TVS)ရိုက်၍ စစ်ဆေးခြင်း။"
-    အမျိုးသမီးများသည် မိမိ၏မမျိုဥအိမ်မှ မမျိုးဥ ဖွံ့ဖြိုးမှုအခြေအနေ စစ်ဆေးရန်သော်လည်းကောင်း၊ အမျိုးသမီးအတွင်းအင်္ဂါများ အခြေအနေစစ်ဆေးရန်သော်လည်းကောင်း (TVS) ရိုက်ရန် လိုအပ်ပါ သည်။

 

၁။    (TVS) သည် ဓါတ်မှန်ကဲ့သို့ ရောင်ခြည်ဖြတ်သန်းမှုမရှိသဖြင့် ကိုယ်ဝန်/ အခြားအင်္ဂါများအား ဘေးထွက်ဆိုးကျိုးမရှိပါ။
၂။    (TVS) ရိုက်မည်ဆိုပါက ဆီးသွားထားရန် လိုအပ်ပါသည်။ သို့မှသာ အမျိုးသမီးအတွင်းအင်္ဂါများ၏ ပုံရိပ်များကို တီဗွီမှန်သားပြင်တွင် ဆရာဝန်မှသေချာစွာမြင်နိုင်မည်ဖြစ်ပါသည်။
၃။    အနည်းငယ် အနေခက်သည်မှလွဲ၍ နာကျင်ခြင်းမရှိပါ။
၄။    (TVS) ရို်က်မည့်နေ့တွင် ပေါ့ပါးသောဝတ်စုံ (လုံချည်၊ စကတ်ပွပွ) ဝတ်ဆင်လာပါရန် (ဘောင်ဘီ အတို/ အရှည်၊ ဗိုက်ချပ်/ ဗိုက်စည်း စသည်တို့ မဝတ်ရပါ။ အတွင်းခံဘောင်ဘီ ဝတ်ဆင်လာပါက (TVS) မရိုက်မီ ဆီးသွားချိန်တွင် တစ်ခါတည်း ချွတ်ထားရန်လိုအပ်ပါသည်။
၅။    (TVS) ရိုက်မည့်ကိရိယာအား ပိုးသတ််ထားသော တစ်ခါသုံးအစွပ်များ အသုံးပြုခြင်းဖြစ်၍ ရောဂါ ကူးစပ်မည်ကို စိတ်ပူရန်မလိုပါ။
၆။    မရှင်းလင်းသည့်အချက်များ/ သိရှိလိုသည့်အချက်များအား BFC ဝန်ထမ်းများထံ မေးမြန်းစုံစမ်းနိုင်ပါသည်။

 

၃။    အမျိုးသမီးများ၏ သားဥကြွေချိန်ကို ခန့်မှန်းစစ်ဆေးရန် ပြုလုပ်သော "LH Test"
-    အမျိုးသမီးများ၏ သားဥကြွေချိန်ကို ခန့်မှန်းစစ်ဆေးရန် ပြုလုပ်သော Test ဖြစ်ပါသည်။
-    ဤ LH Test ပြုလုပ်ရန် ခန့်မှန်းစစ်ဆေးရက်ကို ဆရာဝန်မှ လိုအပ်သလိုညွှန်ကြားပါမည်။
    ဥပမာ     -     ရာသီ (၁ဝ)ရက်မြောက်
-    ရာသီ (၁၂)ရက်မြောက်
-    ရာသီ (၁၄)ရက်မြောက်
-    LH Test Positive ဖြစ်ပါက (၄၈) နာရီအတွင်း သားသမီးရရန် ကြိုးစားနိုင်ပါသည်။
၄။    သွေးတွင်းဟော်မုန်း စစ်ဆေးခြင်း။
-    သားသမီးရရန် ကြိုးစားနေသောအမျိုးသမီးသည် အောက်ပါဟော်မုန်းများကိုစစ်ဆေးရန် ညွှန်ကြားပါ က FSH/ LH သည် ရာသီဒုတိယရက်တွင် စစ်ဆေးရန် လိုအပ်ပါသည်။
-    Prolactin/TFT သည် မည်သည့်ရက်တွင်မဆို စစ်နိုင်ပါသည်။
၅။    "အမျိုးသားများ သုတ်ပိုးစစ်ဆေးခြင်း"
-    အမျိုးသားများ သုတ်ကောင်အရေအတွက်နှင့် လှုပ်ရှားနိုင်မှု စံချိန်မှီ/ မမှီ စစ်ဆေးခြင်းဖြစ်ပါသည်။

 

 

သုတ်ပိုးစစ်ဆေးရန်အတွက် သုတ်ရည်ထုတ်မည့် အမျိုးသားများသည် အောက်ပါအချက်များကို သိရှိ ထားရန် လိုအပ်ပါသည်။

၁။    အမျုးိသမီးနှင့် မဆက်ဆံဘဲ (၃)ရက်မှ (၅)ရက်ထိ ရှောင်ထားရန်။
၂။    သုတ်ရည်ထုတ်မည့်နေ့တွင် အမျိုးသားအင်္ဂါအား သန့်ရှင်းအောင် ဆေးကြောရန်။ (ရေချိုးဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောရန်)
၃။    အမျိုးသားအင်္ဂါအား ပေါင်ဒါ၊ ရေမွှေးစသည်တို့ အသုံးမပြုရန်။
၄။    သုတ်ရည်ထုတ်ချိန်တွင် ဇနီးမှ အကူအညီပေးနိုင်သည်။ သို့သော် လိင်ဆက်ဆံရာမှ ရလာသော သုတ်ရည် မဖြစ်စေရပါ။
၅။    သုတ်ရည်ထုတ်ချိန်တွင် Oil (ဆီ)၊ Lubricant (ချောဆီ) စသည်တို့ကို မသုံးရပါ။
၆။    သုတ်ရည်ကို ဆေးခန်းမှပေးသော ဘူးထဲသို့ တိုက်ရိုက်ထည့်ပါရန်။ သုတ်ရည်ဘူး၏ အတွင်းပိုင်း သို့၎င်း၊ ဘူးအဝအား၎င်း လက် (သို့) အမျိုးသားအင်္ဂါနှင့် မထိစေရပါ။
၇။    သုတ်ရည်စသည်ထွက်ထွက်ချင်း (၁)စက်၊ (၂)စက်သည် သုတ်ပိုးအမြောက်အများ ပါနိုင်သော ကြောင့် ၎င်းကနဦးသုတ်ရည်အား အလေအလွင့်မရှိစေဘဲ သေချာစွာ ဘူးထဲသို့ထည့်ပါရန်။ အကယ်၍ အပြင်သို့ထွက်ကျသွားပါက ပြန်လည်ထည့်ရမကြိုးစားပါနှင့်။ တာဝန်ရှိသူသို့ အသိပေး ပြောကြားရန်သာ လိုိအပ်ပါသည်။
၈။    သုတ်ရည်ဘူးအား သတ်မှတ်သောနေရာတွင်ထားပြီးကြောင်း တာဝန်ရှိသူသို့ပြောပါရန်။
၉။    သုတ်ရည်ဘူး Label ပေါ်တွင် ဇနီးမောင်နှံ (၂)ဦး အမည်မှန်/ မမှန် သေချာစွာ စစ်ဆေးရန်။
၁ဝ။    အကယ်၍ အိမ်တွင်သုတ်ရည်ထုတ်ရန် ဆန္ဒရှိပါက သုတ်ရည်ထုတ်သောအချိန်ကို တိကျစွာမှတ်သား ပါရန်။ (သို့သော် သုတ်ရည်ထုတ်ပြီး နာရီဝက်အတွင်း ဆေးခန်းသို့ အရောက်ပို့ပေးရန် လိုအပ်ပါသည်။)
(မရှင်းလင်းသည့်အချက်များကို ထပ်မံသိရှိလိုပါက တာဝန်ရှိသူသို့ မေးမြန်းစုံစမ်းနိုင်ပါသည်။)